Saturday, May 15, 2010

2 ကြည်ညိုဖွယ် ဗုဒ္ဒမြတ်စွာဘုရားပုံတော်

ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဒမြတ်စွာဘုရားပုံတော်တွေပါ။ အရမ်းကိုကြည်ညိုဖွယ်ကောင်းပါတယ်။
မူရင်းဆိုဒ်ကတော့ www.7dec.multiply.com ကပါ။
forward mail မှတဆင့်ရရှိလို့ ဖူးမြော်ကြည်ညိုနိုင်ရန် ပြန်လည်ဝေမျှလိုက်ပါတယ်။
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic

Friday, May 7, 2010

0 25 Tips for a Healthy Heart

Image and video hosting by TinyPic

0့ happy birthday (may 7)

ဒီနေ့တော့ကျွန်မရဲ့ မွေးနေ့မို့လို့ကျွန်မရဲ့ blogကိုလာလည်သော သူငယ်ချင်းများအားလုံးကို
biscuit ဆန်းဆန်းလေးတွေနဲ့ ဧည့်ခံလိုက်တယ်နော်။အားလုံးပဲအားရပါးရ သုံးဆောင်ကြပါရှင်။ :)
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic
Image and video hosting by TinyPic

Thursday, April 8, 2010

1 ဧပရယ်လက်ဆောင်

 Image and video hosting by TinyPic
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်ဆိုပေမယ့်
နှစ်သစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ဘယ်တော့မှမရိုးနိုင်တဲ့ သင်္ကြန်မိုးသီချင်းလေးကို
ဒီနေရာလေးက နေနားဆင်ကြည့်ပါနော်

ကျွန်မရဲ့ blogလေးကိုလာလည်ကြတဲ့
သူငယ်ချင်းများအားလုံးကို ဘယ်သူမှရေမလောင်းခင်
ကျွန်မက ဒီနေရာလေးက နေသင်္ကြန်အကြိုရေလောင်းပြီး
နှစ်သစ်ကို ပျော်ရွှင်စွာနဲ့စလိုက်ကြရအောင်နော်

Sunday, April 4, 2010

4 ကိုယ်နဲ့ကိုယ့်ချစ်သူတို့မွေးလာမဲ့ကလေးရဲ့ပုံစံလေးကိုတွေ့ချင်ပါသလား?

ကိုယ်နဲ့ကိုယ့်ချစ်သူတို့လက်ထပ်ပြီးတဲ့အခါ
မွေးလာမယ့်မိမိတို့ကလေးရဲ့ပုံကိုကြည့်ချင်ပါသလား
ဒီကို သွားလိုက်ပါ....http://www.makemebabies.com/
Image and video hosting by TinyPic
အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

1 သံယောဇဉ်ကြိုး


သူနှင့်တွေ့တာ onlineမှာ
သံယောဇဉ်ကြိုး တွယ်ငြိလာ
နောင်တစ်နေ့မှာ လက်တွဲဖို့
သစ္စာခိုင်ကာ မြဲကြစို့

Saturday, April 3, 2010

3 ဆုတောင်း


လျှပ်စစ်မီးရယ်
နေ့တိုင်းလာပါစေလို့
ငါဆုတောင်းမိတယ်
ချစ်သူလေးနဲ့
chat ချင်လို့.....

connection ရယ်
နေ့တိုင်းကောင်းပါစေလို့
ငါဆုတောင်းမိတယ်
ချစ်သူသီချင်းသံလေး
နားထောင်ချင်လို့.....

Wednesday, March 31, 2010

2 ဒါပေမယ့်ပေါ့ချစ်သူရယ်


ပုံပြင်မဟုတ်ဘူးချစ်သူ
နင်နဲ့ငါနဲ့တကယ်ချစ်ခဲ့ကြတာပါ
ငါ့အတွက်နင်မျက်ရည်ကျခဲ့သလို
နင့်အတွက်လဲငါငိုခဲ့တယ်ဆိုတာ
တို့နှစ်ယောက်သားသိခဲ့တယ်နော်
ဒါပေမယ့်ပေါ့ချစ်သူရယ်.....
နင်အသစ်တွေ့လို့ငါ့ကိုထားခဲ့ချင်ရင်တောင်မှ
နင်ပျော်ရွှင်ဖို့အတွက်
ငါအလိုက်တသိနဲ့နေရစ်ခဲ့မယ့်သူပါ
ဘာလို့လဲဆိုတော့ ချစ်သူရယ်
နင်ငါ့ကို တကယ်ချစ်ခဲ့ပါလားဆိုတဲ့အသိတစ်ခုထဲနဲ့တင်
ငါကျေနပ်စွာဖြေသိမ့်နိုင်ပါတယ်ဟာ.....

0 ငါ့ရင်ထဲမှာ


ငါ့ရင်ထဲမှာ
မိုးရွာနေတယ် ချစ်သူ
ငါ့ရဲ့မျှော်လင့်ခြင်း မိုးတိမ်တွေလေ
ဝမ်းနည်းမိုးတွေသည်းထန်စွာ ရွာပြီးတော့
ကြေကွဲမြစ်ထဲ စီးဆင်းသွားတယ်ဟာ....

0 နင်တစ်ယောက်ထဲ


online တက်တိုင်း
chat ခဲ့တာလဲ နင်နဲ့ပါဘဲ
ချစ်မိတာလဲ နင့်ကိုပါဘဲ
ဒါနဲ့များတောင်
check မယ်တဲ့လား ချစ်သူရယ်...

Saturday, March 27, 2010

0 သင်းကွဲ


ချစ်သူရယ်....
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါကွယ်....
မိုးသားတိမ်တိုက်လေးများရွေ့လျားနေကြလေရဲ့....
ကြယ်လေးတွေလဲမမှိတ်မသုန်နဲ့ကိုယ့်ကိုလှောင်ရီနေကြရဲ့....
အိပ်စက်နေတဲ့မြို့ကြီးနဲ့ဝရန်တာမှာထိုင်ပြီးလမ်းမကြီးကိုငေးမောလွမ်းဆွတ်နေတဲ့
သြော်..အဖှော်မဲ့သူတစ်ဦးရဲ့ညည်းညူသံသဲ့သဲ့လေးတစ်ချက်ကို....
နင်ကြားမိနိုင်မလား.....?

Friday, March 26, 2010

0 ငလျင်

Image and video hosting by TinyPic
UNICEFမှထုပ်ပြန်ကြေငြာချက် =>
ငလျှင်လှုပ်လျှင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့နည်းလမ်းများနှင့်ဆိုးကြိုးများ
(၁)ငလျှင်စတင်လှုပ်ရှိလာပြီဆိုပါကလူတိုင်းသည်မိမိတို့အိမ်အပြင်သို့ဦးဆုံးထွက်ရှိထားဖို့လိုပါ
တယ်။
(၂)အိမ်အပြင်ရောက်ပါသော်လည်းကိုယ့်အပေါ်မည်သည်အရာမှမပြုတ်ကျနိုင်အောင်ကွင်းကျယ်
ကျယ်ပေါ်မှာနေရာယူထားဖို့လိုပါတယ်ရှင်။
(၃)အန္တရာယ်ဘေးကလွတ်မြောက်သောနေရာကိုရောက်ပြီဆိုပါကမြေပြင်ပေါ်တွင်ထိုင်ချပြီးပြား
ပြားဝပ်၍နေပါရန်။
(၄)ဘယ်လောက်ဘဲငလျှင်လှိုင်းပြင်းပြင်းထန်ထန်လှုပ်နေပါစေကိုထိုင်နေရာကထမပြေးဖို့အရေး
ကြီးပါတယ်ရှင်။

0 အနီရောင်အသားနှင့်ဒူးရင်းသီး

Image and video hosting by TinyPic
ဒူးရင်းကိုပုံမှန်အားဖြင့်အ၀ါရောင်အသားနဲ့သာတွေ့ကြရပေမယ့်မလေးရှားနိုင်ငံအရှေ့ပိုင်းဆာ
ဘာပြည်နယ်မှာအနီရောင်အသားနှင့်ဒူးရင်းသီးမျိုးစိတ်သစ်၈၆လုံးကိုတွေ့ရှိခဲ့တယ်လို့သိရပါ
တယ်။တောရိုင်းဒူးရင်းသီးလို့အသိများကြတဲ့အနီရောင်အသားနှင့်ဒူးရင်းသီးဟာဆာဘာ့ပြည်
နယ်တောထဲမှာအလေ့ကျပေါက်နေတာဖြစ်ပါတယ်။အမြွှာကြီးကြီး၊ခရင်မ်အရသာအပြည့်ပါတဲ့
ပုံမှန်စိုက်ပျိုးထုတ်လုပ်နေတဲ့ဒူးရင်းသီးတွေထက်စာရင်အနီရောင်အသားပါတဲ့ဒူးရင်းသီးဟာ

Monday, March 22, 2010

0 နှစ်အပေါင်းတစ်

Image and video hosting by TinyPic
စိတ်ထဲစွဲချစ် နှစ်အပေါင်းတစ်
တစ်သက်မခွဲဘဲ တွဲမယ့်အချစ်
ပြောရက်လိုက်တဲ့ သူ့စကား
နားကြားမှား မိလေသလား
အိပ်မပျော်နိုင် ညအလယ်
တောင်တွေးမြောက်တွေး စဉ်းစားတယ်
ဆပ်လို့မကုန်တဲ့ သူ့အကြောင်းများ
ကဗျာတစ်ပုဒ်လို အသက်ဝင်သွား
သန်းခေါင်ယံညရဲ့ သံစဉ်များ
အခိုးအငွေ့အဖြစ်နဲ့ လွင့်ပြယ်သွား
ကိုယ့်ကိုနားလည်ပေးပါလား…

0 ညီမျှခြင်းရဲ့အချစ်

Image and video hosting by TinyPic
ယူဆလွဲမှား တို့နှစ်ယောက်သား
ပြောတဲ့စကား အလကား
တီးတိုးဝေဖန် တညံညံ
ဝေဖန်ဆန်းစစ် တို့အချစ်
စိမ်းကားခက်ထန် စကားသံ
သန်းခေါင်ယံတိုင်အောင် ခြောက်လှန့်ပြန်
ဆုထူးပန်ကာ မျှော်ရည်မှန်း
ရောင်နီလင်းမှ ပြန်သစ်ဆန်း
ဘ၀အဆက်ဆက်ပေါင်းဖို့ ဤမှာတမ်း

Wednesday, March 17, 2010

0 သံယောဇဉ်


သံယောဇဉ်ကြိုး
ရင်တွင်းချည်နှောင်
ဖြတ်မရအောင်
ခိုင်မြဲငြိတွယ်
ဆုတောင်းပါတယ်
ဘုရားရှင်ဝယ်
တစ်သက်တာအတွက်
ရည်စူးရွယ်လို့
သူ့ကိုသာကွယ်
ချစ်ချင်တယ်….

0 တစ်ခဏ မှ တစ်ဘဝ


ဆုံတွေ့ခြင်းဟာ တစ်ခဏ
ရည်ရွယ်မိတာ တစ်ဘဝ
တစ်သက်မမေ့နိုင် နင့်အပြုံး
ဝေးမသွားခင် ပြုံးပါဦး...

Saturday, March 13, 2010

0 လွမ်းသူ့ရင်ခွင်


ဖြေမသာရင်ခွင် အလွမ်းရယ်ကြောင့်
ဝေဒနာရင်မှာ ပိုက်ကာ
တူစုံကာ လျှောက်လှမ်းမယ်လို့
တိုင်တည်ကာ သစ္စာထားလို့ရယ်
စောင့်လျက်ပေါ့လေး...

1 online ချစ်သူ


စိတ်ကူးမိတာ သူ့ကိုပါ
online မှာလဲပေါ်မလာ
မျှော်ကာထိုင်ငေး computerဘေး
တမ်းတမိတဲ့ မျက်နှာလေး
တွေ့ကြပြန်တော့ chatကြတာ
ကျတတ်လွန်းတဲ့ connectionပါ
ကုန်လွန်ခဲ့တဲ့ အချိန်လေး
member ဖိုးတော့သူမပေး

Friday, March 12, 2010

0 ချစ်သူသို့


ချစ်သူပျော်ရွှင်
ငါ့နှလုံးရွှင် :)

ချစ်သူစိတ်ဆိုး
ငါ့ရင်ကျိုး :(

ချစ်သူသာလျှင်
ကမ္ဘာထင် :P

0 July ရဲ့မိုး (သို့) ထီးကလေး



အုံ့ကာမှိုင်းတဲ့ ရာသီရယ်
ချစ်တဲ့သူကို လွမ်းနေမယ်
ချစ်သူပေးတဲ့ ထီးကလေး
မိုးမစိုအောင် ကာလို့ပေး
မာန်မချလို့ ရွာကာချ
Julyမိုးရဲ့ သဘာဝ...

Thursday, March 11, 2010

0 မျှော်လင့်ခြင်းလမ်း

Image and video hosting by TinyPic
မျှော်လင့်ချက်တို့
ရင်ဝယ်ပိုက်ကာ
လျှောက်ရမယ့်လမ်း
ဟိုး...အဝေးမှာ
ရောက်ချင်စမ်း၏

0 တွဲလက်



တွေ့ကြုံဆုံရ တစ်ခဏ
နှောင်တွယ်မိတာ အမှန်ဘဝ
လက်ချင်းဆက်ကာ လျှောက်မယ့်လမ်း
ခိုင်မြဲကြစို့ မလွှတ်တမ်း

0 နားခိုရာ


မာန်ဟုန်ပြင်းပြင်း
တောင်ပံခတ်လည်း
ဘယ်သောင်ဘယ်ကမ်း
ဘယ်မှာမရှိ
တွေ့မိပါ၏
သူ၏ရင်ခွင်
ထာဝရအစဉ်
နားခိုရာ၏

0 ချစ်သူမျက်နှာ


မျှော်ကာထိုင်ငေး ချစ်သူ့အဝေး
လျှောက်ကာလှမ်းလို့ မြင်ချင်မယ့်လည်း
တွေ့ခွင့်ရတော့ ချစ်သူမျက်နှာလ၀န်းပမာ
ရင်ကိုအစဉ်အေးမြပါ၏