Friday, March 26, 2010

0 အနီရောင်အသားနှင့်ဒူးရင်းသီး

Image and video hosting by TinyPic
ဒူးရင်းကိုပုံမှန်အားဖြင့်အ၀ါရောင်အသားနဲ့သာတွေ့ကြရပေမယ့်မလေးရှားနိုင်ငံအရှေ့ပိုင်းဆာ
ဘာပြည်နယ်မှာအနီရောင်အသားနှင့်ဒူးရင်းသီးမျိုးစိတ်သစ်၈၆လုံးကိုတွေ့ရှိခဲ့တယ်လို့သိရပါ
တယ်။တောရိုင်းဒူးရင်းသီးလို့အသိများကြတဲ့အနီရောင်အသားနှင့်ဒူးရင်းသီးဟာဆာဘာ့ပြည်
နယ်တောထဲမှာအလေ့ကျပေါက်နေတာဖြစ်ပါတယ်။အမြွှာကြီးကြီး၊ခရင်မ်အရသာအပြည့်ပါတဲ့
ပုံမှန်စိုက်ပျိုးထုတ်လုပ်နေတဲ့ဒူးရင်းသီးတွေထက်စာရင်အနီရောင်အသားပါတဲ့ဒူးရင်းသီးဟာ

အမြွှာလည်းသေး၊ခြောက်သွေ့တဲ့ပုံစံမျိုးရှိတယ်လို့သိရပါတယ်။မလေးရှားနိုင်ငံမှာဒူးရင်းသီး
တွေဈေးနှုန်းဟာ၂ရင်းဂစ်ကနေ၃ရင်းဂစ်(အမေရိကန်ဒေါ်လာဝ.၅၇မှဝ.၈၆)အထိရှိပါတယ်။
ဆာဘာ့ပြည်နယ်ခရီးသွား၊ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးမာစီဒီမန်ဂျမ်က
တော့လူသိနည်းတဲ့အခုလိုဒူးရင်းသီးမျိုးကိုစိုက်ပျိုးရောင်းချတဲ့သူမရှိဘူးလို့ဆိုကြောင်းအနီ
ရောင်အသားနှင့်ဒူးရင်းသီးများအနံ့ပိုပြင်းပြီးပျစ်နှစ်မှုရှိသည်ဆိုကြောင်းNew Strait Times
နေ့စဉ်သတင်းစာကဖော်ပြခဲ့တယ်။တချို့လည်းတောရိုင်းဒူးရင်းသီးမှာမုန်လာဥကဲ့သို့သာအရ
သာရှိသည်ဟုဆိုကြောင်းဖော်ပြထားပါတယ်။

(forward မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)

0 comments: