Wednesday, March 31, 2010

2 ဒါပေမယ့်ပေါ့ချစ်သူရယ်


ပုံပြင်မဟုတ်ဘူးချစ်သူ
နင်နဲ့ငါနဲ့တကယ်ချစ်ခဲ့ကြတာပါ
ငါ့အတွက်နင်မျက်ရည်ကျခဲ့သလို
နင့်အတွက်လဲငါငိုခဲ့တယ်ဆိုတာ
တို့နှစ်ယောက်သားသိခဲ့တယ်နော်
ဒါပေမယ့်ပေါ့ချစ်သူရယ်.....
နင်အသစ်တွေ့လို့ငါ့ကိုထားခဲ့ချင်ရင်တောင်မှ
နင်ပျော်ရွှင်ဖို့အတွက်
ငါအလိုက်တသိနဲ့နေရစ်ခဲ့မယ့်သူပါ
ဘာလို့လဲဆိုတော့ ချစ်သူရယ်
နင်ငါ့ကို တကယ်ချစ်ခဲ့ပါလားဆိုတဲ့အသိတစ်ခုထဲနဲ့တင်
ငါကျေနပ်စွာဖြေသိမ့်နိုင်ပါတယ်ဟာ.....

0 ငါ့ရင်ထဲမှာ


ငါ့ရင်ထဲမှာ
မိုးရွာနေတယ် ချစ်သူ
ငါ့ရဲ့မျှော်လင့်ခြင်း မိုးတိမ်တွေလေ
ဝမ်းနည်းမိုးတွေသည်းထန်စွာ ရွာပြီးတော့
ကြေကွဲမြစ်ထဲ စီးဆင်းသွားတယ်ဟာ....

0 နင်တစ်ယောက်ထဲ


online တက်တိုင်း
chat ခဲ့တာလဲ နင်နဲ့ပါဘဲ
ချစ်မိတာလဲ နင့်ကိုပါဘဲ
ဒါနဲ့များတောင်
check မယ်တဲ့လား ချစ်သူရယ်...

Saturday, March 27, 2010

0 သင်းကွဲ


ချစ်သူရယ်....
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါကွယ်....
မိုးသားတိမ်တိုက်လေးများရွေ့လျားနေကြလေရဲ့....
ကြယ်လေးတွေလဲမမှိတ်မသုန်နဲ့ကိုယ့်ကိုလှောင်ရီနေကြရဲ့....
အိပ်စက်နေတဲ့မြို့ကြီးနဲ့ဝရန်တာမှာထိုင်ပြီးလမ်းမကြီးကိုငေးမောလွမ်းဆွတ်နေတဲ့
သြော်..အဖှော်မဲ့သူတစ်ဦးရဲ့ညည်းညူသံသဲ့သဲ့လေးတစ်ချက်ကို....
နင်ကြားမိနိုင်မလား.....?

Friday, March 26, 2010

0 ငလျင်

Image and video hosting by TinyPic
UNICEFမှထုပ်ပြန်ကြေငြာချက် =>
ငလျှင်လှုပ်လျှင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့နည်းလမ်းများနှင့်ဆိုးကြိုးများ
(၁)ငလျှင်စတင်လှုပ်ရှိလာပြီဆိုပါကလူတိုင်းသည်မိမိတို့အိမ်အပြင်သို့ဦးဆုံးထွက်ရှိထားဖို့လိုပါ
တယ်။
(၂)အိမ်အပြင်ရောက်ပါသော်လည်းကိုယ့်အပေါ်မည်သည်အရာမှမပြုတ်ကျနိုင်အောင်ကွင်းကျယ်
ကျယ်ပေါ်မှာနေရာယူထားဖို့လိုပါတယ်ရှင်။
(၃)အန္တရာယ်ဘေးကလွတ်မြောက်သောနေရာကိုရောက်ပြီဆိုပါကမြေပြင်ပေါ်တွင်ထိုင်ချပြီးပြား
ပြားဝပ်၍နေပါရန်။
(၄)ဘယ်လောက်ဘဲငလျှင်လှိုင်းပြင်းပြင်းထန်ထန်လှုပ်နေပါစေကိုထိုင်နေရာကထမပြေးဖို့အရေး
ကြီးပါတယ်ရှင်။

0 အနီရောင်အသားနှင့်ဒူးရင်းသီး

Image and video hosting by TinyPic
ဒူးရင်းကိုပုံမှန်အားဖြင့်အ၀ါရောင်အသားနဲ့သာတွေ့ကြရပေမယ့်မလေးရှားနိုင်ငံအရှေ့ပိုင်းဆာ
ဘာပြည်နယ်မှာအနီရောင်အသားနှင့်ဒူးရင်းသီးမျိုးစိတ်သစ်၈၆လုံးကိုတွေ့ရှိခဲ့တယ်လို့သိရပါ
တယ်။တောရိုင်းဒူးရင်းသီးလို့အသိများကြတဲ့အနီရောင်အသားနှင့်ဒူးရင်းသီးဟာဆာဘာ့ပြည်
နယ်တောထဲမှာအလေ့ကျပေါက်နေတာဖြစ်ပါတယ်။အမြွှာကြီးကြီး၊ခရင်မ်အရသာအပြည့်ပါတဲ့
ပုံမှန်စိုက်ပျိုးထုတ်လုပ်နေတဲ့ဒူးရင်းသီးတွေထက်စာရင်အနီရောင်အသားပါတဲ့ဒူးရင်းသီးဟာ

Monday, March 22, 2010

0 နှစ်အပေါင်းတစ်

Image and video hosting by TinyPic
စိတ်ထဲစွဲချစ် နှစ်အပေါင်းတစ်
တစ်သက်မခွဲဘဲ တွဲမယ့်အချစ်
ပြောရက်လိုက်တဲ့ သူ့စကား
နားကြားမှား မိလေသလား
အိပ်မပျော်နိုင် ညအလယ်
တောင်တွေးမြောက်တွေး စဉ်းစားတယ်
ဆပ်လို့မကုန်တဲ့ သူ့အကြောင်းများ
ကဗျာတစ်ပုဒ်လို အသက်ဝင်သွား
သန်းခေါင်ယံညရဲ့ သံစဉ်များ
အခိုးအငွေ့အဖြစ်နဲ့ လွင့်ပြယ်သွား
ကိုယ့်ကိုနားလည်ပေးပါလား…

0 ညီမျှခြင်းရဲ့အချစ်

Image and video hosting by TinyPic
ယူဆလွဲမှား တို့နှစ်ယောက်သား
ပြောတဲ့စကား အလကား
တီးတိုးဝေဖန် တညံညံ
ဝေဖန်ဆန်းစစ် တို့အချစ်
စိမ်းကားခက်ထန် စကားသံ
သန်းခေါင်ယံတိုင်အောင် ခြောက်လှန့်ပြန်
ဆုထူးပန်ကာ မျှော်ရည်မှန်း
ရောင်နီလင်းမှ ပြန်သစ်ဆန်း
ဘ၀အဆက်ဆက်ပေါင်းဖို့ ဤမှာတမ်း

Wednesday, March 17, 2010

0 သံယောဇဉ်


သံယောဇဉ်ကြိုး
ရင်တွင်းချည်နှောင်
ဖြတ်မရအောင်
ခိုင်မြဲငြိတွယ်
ဆုတောင်းပါတယ်
ဘုရားရှင်ဝယ်
တစ်သက်တာအတွက်
ရည်စူးရွယ်လို့
သူ့ကိုသာကွယ်
ချစ်ချင်တယ်….

0 တစ်ခဏ မှ တစ်ဘဝ


ဆုံတွေ့ခြင်းဟာ တစ်ခဏ
ရည်ရွယ်မိတာ တစ်ဘဝ
တစ်သက်မမေ့နိုင် နင့်အပြုံး
ဝေးမသွားခင် ပြုံးပါဦး...

Saturday, March 13, 2010

0 လွမ်းသူ့ရင်ခွင်


ဖြေမသာရင်ခွင် အလွမ်းရယ်ကြောင့်
ဝေဒနာရင်မှာ ပိုက်ကာ
တူစုံကာ လျှောက်လှမ်းမယ်လို့
တိုင်တည်ကာ သစ္စာထားလို့ရယ်
စောင့်လျက်ပေါ့လေး...

1 online ချစ်သူ


စိတ်ကူးမိတာ သူ့ကိုပါ
online မှာလဲပေါ်မလာ
မျှော်ကာထိုင်ငေး computerဘေး
တမ်းတမိတဲ့ မျက်နှာလေး
တွေ့ကြပြန်တော့ chatကြတာ
ကျတတ်လွန်းတဲ့ connectionပါ
ကုန်လွန်ခဲ့တဲ့ အချိန်လေး
member ဖိုးတော့သူမပေး

Friday, March 12, 2010

0 ချစ်သူသို့


ချစ်သူပျော်ရွှင်
ငါ့နှလုံးရွှင် :)

ချစ်သူစိတ်ဆိုး
ငါ့ရင်ကျိုး :(

ချစ်သူသာလျှင်
ကမ္ဘာထင် :P

0 July ရဲ့မိုး (သို့) ထီးကလေး



အုံ့ကာမှိုင်းတဲ့ ရာသီရယ်
ချစ်တဲ့သူကို လွမ်းနေမယ်
ချစ်သူပေးတဲ့ ထီးကလေး
မိုးမစိုအောင် ကာလို့ပေး
မာန်မချလို့ ရွာကာချ
Julyမိုးရဲ့ သဘာဝ...

Thursday, March 11, 2010

0 မျှော်လင့်ခြင်းလမ်း

Image and video hosting by TinyPic
မျှော်လင့်ချက်တို့
ရင်ဝယ်ပိုက်ကာ
လျှောက်ရမယ့်လမ်း
ဟိုး...အဝေးမှာ
ရောက်ချင်စမ်း၏

0 တွဲလက်



တွေ့ကြုံဆုံရ တစ်ခဏ
နှောင်တွယ်မိတာ အမှန်ဘဝ
လက်ချင်းဆက်ကာ လျှောက်မယ့်လမ်း
ခိုင်မြဲကြစို့ မလွှတ်တမ်း

0 နားခိုရာ


မာန်ဟုန်ပြင်းပြင်း
တောင်ပံခတ်လည်း
ဘယ်သောင်ဘယ်ကမ်း
ဘယ်မှာမရှိ
တွေ့မိပါ၏
သူ၏ရင်ခွင်
ထာဝရအစဉ်
နားခိုရာ၏

0 ချစ်သူမျက်နှာ


မျှော်ကာထိုင်ငေး ချစ်သူ့အဝေး
လျှောက်ကာလှမ်းလို့ မြင်ချင်မယ့်လည်း
တွေ့ခွင့်ရတော့ ချစ်သူမျက်နှာလ၀န်းပမာ
ရင်ကိုအစဉ်အေးမြပါ၏

Wednesday, March 10, 2010

0 ချစ်သူသိစေ...


ရင်မှာတမ်းတ ….
ချစ်သူသိစေ လွမ်းရွေ့မပြေ
ချစ်သူ့အသံ နေ့တိုင်းကြားယောင်
ချစ်သူ့အရိပ် နေ့စဉ်လွှမ်းမိုး
ဘယ်ခါမမေ့ တွယ်ငြိခဲ့ပြီ
နှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာဆီ….