Wednesday, March 31, 2010

2 ဒါပေမယ့်ပေါ့ချစ်သူရယ်


ပုံပြင်မဟုတ်ဘူးချစ်သူ
နင်နဲ့ငါနဲ့တကယ်ချစ်ခဲ့ကြတာပါ
ငါ့အတွက်နင်မျက်ရည်ကျခဲ့သလို
နင့်အတွက်လဲငါငိုခဲ့တယ်ဆိုတာ
တို့နှစ်ယောက်သားသိခဲ့တယ်နော်
ဒါပေမယ့်ပေါ့ချစ်သူရယ်.....
နင်အသစ်တွေ့လို့ငါ့ကိုထားခဲ့ချင်ရင်တောင်မှ
နင်ပျော်ရွှင်ဖို့အတွက်
ငါအလိုက်တသိနဲ့နေရစ်ခဲ့မယ့်သူပါ
ဘာလို့လဲဆိုတော့ ချစ်သူရယ်
နင်ငါ့ကို တကယ်ချစ်ခဲ့ပါလားဆိုတဲ့အသိတစ်ခုထဲနဲ့တင်
ငါကျေနပ်စွာဖြေသိမ့်နိုင်ပါတယ်ဟာ.....

2 comments:

ဇောင်း said...

ချစ်ပြီးရင်
စွန့်လွတ်ရမှာ ခွဲခွာရမှာ သဘာဝပါပဲလေ....

ZaunG

Anonymous said...

mar tal.chit tal so ma tot bal lo ma ma phyit naing par bu byar.2 in 1 poem lo par bal.nit york + ma 1 life par.shin tal naw.